Saturday, March 28, 2015

ရိုးရှင်းသော ဝါးမီးသွေးဖုတ်နည်း
 ( How to Make Bamboo Charcoal in a Simple Way )
ကိုလေ့လာရန် အောက်ဖေါ်ပြပါ link ကိုနှိပ်ပါ။



နှစ်ပတ်လည်တွေ့ဆုံပွဲနှင့်အလုပ်ရုံဆွေးနွေးပွဲ (ညနေပိုင်း)

မြန်မာဝါးချစ်သူများကွန်ယက်၏ အသင်းဝင်များအလုပ်ရုံ ဆွေးနွေးပွဲကို အဖွဲ့ (၄)ဖွဲ့ခွဲ၍ ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲ ရလဒ်များကို ဖေါ်ပြအပ်ပါသည်။



 ဝါးစိုက်ပျိုးရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။


 ဝါးကုန်ထုတ်လုပ်ရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။
ဈေးကွက်ဖေါ်ဆောင်ရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။

တိုးချဲ့ ပညာပေးစည်းရုံးရေးအဖွဲ့၏ဆွေးနွေးချက်များဖြစ်ပါသည်။

အဖွဲ့(၄)ဖွဲ့၏ ဆွေးနွေးချက်များကို ခြုံငုံသုံးသပ်ကြပါသည်။

 

နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ (နံနက်ပိုင်း)

 ၂၈ ၊ ၃ ၊ ၂၀၁၅ (စနေနေ့) တွင် ကျင်းပသော မြန်မာဝါးချစ်သူများကွန်ယက် နှစ်ပတ်လည် အသင်းဝင်များတွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ မှတ်တမ်းဓါတ်ပုံများ

 




















Friday, March 20, 2015

နှစ်ပတ်လည် အစည်းဝေးပွဲ ဖိတ်ကြားလွှာ




ဖိတ်ကြားလွှာ

မြန်မာနိုင်ငံသည် ဝါးသယံဇာတ ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ယခုအခါတွင်


  • တစ်စ တစ်စ ယိုယွင်းပျက်သုဉ်းလာသော သဘာဝတောမျာကို အချိန်မီ ထိမ်းသိမ်းစောင့်ရှောက်ရန် 
  • နိုင်ငံသားများအနေဖြင့် ဝါး၏အရေးပါမှုကို သတိပြုမိစေရန်နှင့် အသိပညာဗဟုသုတ မျှဝေဖလှယ်နိုင်ရန်
  • ဝါးနှင့်နီးစပ်သော ကျေးလက်နေ အခြေခံပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းမှု ဘဝကို မြှင့်တင်ရာတွင် တဖက်တလမ်းမှ အထောက်အကူပေးနိုင်ရန်


ရည်ရွယ်၍ ဝါးချစ်သူများကွန်ယက်ကို ဖွဲ့စည်းခဲ့ပါသည်။

ဝါးကိုချစ်မြတ်နိုးသော ၊ စိတ်ဝင်စားသော၊ ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေသော၊ သုတေသနပြုလုပ် ဆောင်ရွက်နေကြသော၊သူများပါဝင်သည့် ဝါးချစ်သူများကွန်ယက်၏ နှစ်ပတ်လည် အသင်းဝင်များတွေ့ဆုံပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ပေးပါရန်၊ လေးစားစွာဖိတ်ကြားအပ်ပါသည်။

မြန်မာဝါးချစ်သူများကွန်ယက်

နေရက်။         ။ ၂၀၁၅ မတ်လ ၂၈ရက်(စနေနေ့)
အချိန် ။          ။နံနက် ၁၀း၀၀ နာရီမှ ညနေ ၅း၃၀ ထိ
နေရာ။           ။ယုဒဿန်ခန်းမ